Sayar Z - MISSION

ဗိုက်ကျချင်ရင် ဗိုက်ရိုက်ရမယ် ဆိုပြီး အဆီကိုနေရာကွက်ချလို့ရမယ်ထင်မိခြင်း ၊ ဝိတ်ကျချင်ရင် ပေါ့ပေါ့ပါးပါး လမ်းလျှောက်ရုံနဲ့ ဝိတ်ကျပြီး ကျန်းမာရေးနှင့် အဆီချဖို့အတွက် လုံလောက်မယ်ထင်မိခြင်း ၊ အစားသိပ်မစားရုံနဲ့ အဆီကျဝိတ်ကျသွားပြီး ကျန်းမာရေးနဲ့ခန္ဓာကိုယ်အချိုးအစားပိုကောင်းလာမယ်ထင်မိခြင်း တို့က နောင် ၂ဆမက သင့်ကို ဆိုးကျိုးပြန်ဖြစ်စေနိုင်ခြင်း နှင့် မိမိလိုချင်တဲ့ ခန္ဓာကိုယ်အလှကို မရရှိစေနိုင်ခြင်း စသော ရလဒ်များကို ဖြစ်ပေါ်နေစေပါသည်။  ဘေးထွက်ဆိုးကျိုးမရှိသည့် သဘာဝအတိုင်းစားသောက်နေထိုင်လေ့ကျင့်ပြီး သင့်ကို အမြဲတမ်းပိန်စေပြီး ဗိုက်အဆီကျကာ သင်လိုချင်သည့် ခန္ဓာကိုယ်အလှနှင့် ကျန်းမာနေစေမယ့် လျှို့ဝှက်ချက်တွေက ဘာတွေဖြစ်မလဲ ?

" 2012 ခုနှစ်မှ စတင်ကာ (12) နှစ် ဆက်တိုက် Fitness နည်းပြအဖြစ် သင်ကြားပြသခဲ့သည့်ကာလအတွင်း သိရှိခဲ့ရသည်မှာ လူအများစုသည် မိမိလိုချင်သည့် ကျန်းမာရေးနှင့် ခန္ဓာကိုယ်အလှကို မပြောင်းလဲနိုင်ဘဲ အရှုံးပေးလက်မြောက်သွားကြရသည့် အကြောင်းရင်းမှာ အဓိကအားဖြင့် (ကျန်းမာရေးနှင့် ခန္ဓာအလှ) လေ့ကျင့်လိုက်စားခြင်းကို အခြားသော ပညာရပ်များလေ့လာလိုက်စားရသကဲ့သို့ အလေးအနက် သဘောမထား မိခြင်းကြောင့်သာ အဖြစ်များသည်ကို တွေ့မြင်ခဲ့ရသည်။ ကားမောင်းတတ်ဖို့ ကားမောင်းနည်းအခြေခံများ နှင့် ကားစည်းကမ်း ၊ ယာဉ်ကြောစည်းကမ်းများကို လေ့လာသင်ယူပြီးမှသာ အန္တရာယ်ကင်းစွာဖြင့် ကားကို ယုံကြည်မှုရှိရှိဖြင့် မောင်းနှင်အသုံးပြုနိုင်သည်မဟုတ်လား။ ထို့အတူ သင့်ခန္ဓာကိုယ်သာမရှိရင် သင့် ဒီဘဝဆိုတာလည်း ရှိလာမှာမဟုတ်အောင်ကို မှန်ကန်လွန်းလှတယ့် သင့်ရဲ့ တစ်ခုတည်းသော အရေးကြီးဆုံးသော ပိုင်ဆိုင်မှုဖြစ်သည့် သင့်ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ပညာရပ်ကို အနည်းနှင့်အများ စိတ်ဝင်စားမှု ၊ လေ့လာမှုမရှိဘဲ အဆင်ပြေသလိုသာ လွတ်ထားမိရင် ဘဝရဲ့ အကြီးဆုံးသော ဆုံးရှုံးမှုတစ်ခုပင် ဖြစ်သည်။ ဒီဘဝမှာ သင်ဘယ်လောက်သာ အသက်ရှည်နေထိုင်ရမယ်ဆိုတဲ့ သက်တမ်းဟာ သင့်ခန္ဓာကိုယ်ပေါ်တွင် မူတည်ပါသဖြင့် သင့်ကျန်းမာရေးနှင့် ကြံ့ခိုင်လှပမှုအတွက် ပညာရပ်တစ်ခုလိုစတင်လေ့လာလိုက်စားကျင့်သုံးကာ ပိုမိုကောင်းမွန်အောင်ဖန်တီးလိုပါက အောက်တွင် ဆက်လက်ဖတ်ရှု့လိုက်ပါ။ "

" မှန်ကန်သော ခံယူချက် နှင့် ထိရောက်သောနည်းစနစ်ပူးပေါင်းလိုက်ရင် သင်လိုချင်သည့် အိမ်မက်ပန်းတိုင်များအားလုံးက သင့်လက်တစ်ကမ်း မှာပဲ ရှိနေမှာပါ "

Sayar Z

Welcome Video လေးကို ကြည့်ရှုရန် တစ်ချက်နှိပ်လိုက်ပါ။

 

Sayar Z နဲ့ အတူ စတင်ပြောင်းလဲလိုက်ပါ !

ဆရာ Z သည် အဆီကျ၊ ဝိတ်ကျကျန်းမာလှပစေမည့် သင်တန်းရုံများကို 2012 ခုနှစ်ကတည်းမှ စတင်ဖွင့်လှစ်ခဲ့ကာ Mandalay ရှိ အသက်(၁၄ မှ ၅၅ နှစ်)အတွင်းရှိ မိတ်ဆွေပေါင်း ၁၀,၀၀၀ ကျော်ကို ကျန်းမာရေးနှင့်အညီ စားသောက်နေထိုင်လေ့ကျင့်နည်းများကို (၁၂)နှစ်ဆက်တိုက် သင်ကြားပြသခဲ့ကာ အဆီကျဝိတ်ကျလှပလာအောင် ဝန်ဆောင်မှုပေးခဲ့ပြီးသည့် 𝐅𝐢𝐭𝐧𝐞𝐬𝐬 𝐄𝐧𝐭𝐫𝐞𝐩𝐫𝐞𝐧𝐞𝐮𝐫 တစ်ဦးဖြစ်ပါသည်။ 2018 မတိုင်မှီ သင်တန်းသားပေါင်း(၃၀၀)ကျော်ကို မြန်မာနိုင်ငံတွင် ပထမဆုံးနှင့်အများဆုံးလက်တွေ့ဝိတ်ချပြောင်းလဲသက်သေပြခဲ့ကာ ကျန်းမာရေးလိုက်စားရန် မိတ်ဆွေများစွာကို စိတ်ဓာတ်တက်ကြွအောင်လှုံဆော်ပေးနိုင်ခဲ့သည့် 𝐖𝐞𝐢𝐠𝐡𝐭 𝐋𝐨𝐬𝐬 𝐓𝐫𝐚𝐧𝐬𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧 𝐂𝐨𝐚𝐜𝐡 တစ်ဦးလည်း ဖြစ်ပါသည်။

လက်ရှိမှာ မြန်မာတစ်နိုင်ငံလုံးရှိ မိတ်ဆွေများကို လမ်းညွှန်ပေးနိုင်ရန်အတွက် (သင်တန်းသားပေါင်း ၂၀,၀၀၀ကျော်ကို ၄-နှစ်ကာလအတွင်း အဆီကျ၊ဝိတ်ကျလှပလာအောင် သင်ကြားလမ်းညွှန်ခဲ့ပြီးဖြစ်သည့်) ယခု " 𝐒𝐚𝐲𝐚𝐫 𝐙 - 𝐂𝐋𝐀𝐒𝐒 " အမည်ရှိ

🎥Video Exercise သင်တန်း နှင့်

🔴Live Exercise သင်တန်း၏ 👤 Founder နှင့် Master Trainer ဖြစ်ပါသည်။

ဆရာ Z ၏ ရည်ရွယ်ချက်များနှင့် လုပ်ဆောင်နေသည့် အရာများသည် Health and Fitness လိုက်စားခြင်းကို ဘဝထဲထိ ရောက်အောင် လွယ်လွယ်ကူကူအသုံးပြုနိုင်ဖို့ တတ်နိုင်သမျှ ကူညီပံ့ပိုးလမ်းညွှန်ပေးနိုင်ဖို့ ဖြစ်ပါသည်။ " ဒီလိုမှလည်း ကျွန်တော်တို့အားလုံး ကျန်းမာပျော်ရွှင်မှုတွေနဲ့ ပြည့်စုံတယ့်ဘဝကို ဖန်တီးပိုင်ဆိုင်နိုင်ကြမှာပါ " ဆိုသည်မှာ Sayar Z ၏ခံယူချက်ပင်ဖြစ်ပါသည်။

 

ဆရာ Z ၏ အောင်မြင်မှုမှတ်တမ်းများ နှင့် လုပ်ဆောင်ခဲ့မှုများ

အောက်ပါ Album တွင် နည်းပြတစ်ယောက်အဖြစ် Sayar Z မှ ဦးဆောင်ပြုလုပ်နိုင်ခဲ့သည့် အောင်မြင်မှုမှတ်တမ်းများကို ဖော်ပြထားပါသည်။

Sayar Z ၏ သင်တန်းများတက်ကာ ပြောင်းလဲသွားသူများ

ခန္ဓာကိုယ်ပြောင်းလဲလှပသွားသူပေါင်း အယောက် (၃၀၀) ကျော် ရှိသည့်အထဲမှ သင့်အတွက် စိတ်အားဖြစ်စေမည့် လက်ရွေးစင်ပြောင်းလဲမှုများကို ဖော်ပြပေးလိုက်ပါသည်။

" My Mission is To help .... 100,000 Myanmar People Get Fitter and Healthier! "   

Sayar Z

* လူတိုင်း * လိုက်လုပ်နိုင်ပါ့မလား ?

 

လုံး၀ လုံး၀ လုပ်နိုင်ပါတယ်။

ကျွန်တော်တို့တွေ ဘယ်လိုသိလဲ ?

ကျွန်တော်တို့ရဲ့ မန်ဘာတွေက အားလုံးသက်သေပြခဲ့ကြပြီး ဖြစ်ပါသည်။

ဆရာZ အားကစားFitness လောကထဲစဝင်ခဲ့တယ့် ရည်ရွယ်ချက်ကိုကြည့်လျှင်ပင် သူ ငယ်စဉ် ၁၈ နှစ်အရွယ်  လမ်းမပေါ်ထွက်ကာ စက်ဘီးသွားသွားစီးခဲ့တိုင်း ရှေ့မှ အခြား ဆိုင်ကယ်နှင့် စက်ဘီးစီးနေသူတွေကို ကြည့်မိပြီး

 

တချို့က ပိန်ပြီး တချို့က ဘာလို့ ဗိုက်အဆီတွေနဲ့ ဝနေရတာလဲ ?  ဒီ ခန္ဓာကိုယ်တွေကို ပြန်ပြောင်းလဲလို့ကောရလား ? ပြီးတော့ ငါပြောင်းလဲပေးလို့ရအောင်ဆို ငါဘာတွေသိဖို့ လိုမလဲ ?

အစရှိတယ့် မေးခွန်းများက သူ့ခေါင်းထဲမှ မကြာခဏရောက်ရှိလို့နေခဲ့သည်။  နောင်၄ နှစ် ကြာတော့ Fitness လောကထဲခြေစုံပစ်ဝင်ဖြစ်ခဲ့ကာ တိုးတက်ဖွံဖြိုးနေပြီးသော နိုင်ငံများမှ အောင်မြင်ပြီးနည်းစနစ်များကို စုစည်းရှာဖွေတက်ရောက်၊ဖတ်ရှု့လေ့လာခဲ့ပြီးနောက် Sayar Z သင်တန်းများ ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ သူ့၏လုပ်သက် (12) နှစ်ကာလအတွင်း Fitness လိုက်စားခြင်းပညာရပ်သည် "တကယ်လုပ် အဟုတ်ဖြစ်မည် " ဆိုသည့်စကားအတိုင်း လူတိုင်းအတွက် အမြဲမှန်ကန်နေပြီး လူတစ်ဦးချင်းစီ၏ကိုယ်စီပြသာနာအရ " တကယ်လုပ် " သည်ဆိုသော အားစိုက်မှုတွေ ကွာခြားမှုကြောင့်သာ ရလဒ်များ မျက်နှာလိုက်သွားခြင်းသာရှိသည်။ အသက်အရွယ်ကွာခြားချက်၊ အမျိုးသားဖြစ်ခြင်း ၊ အမျိုးသမီးဖြစ်ခြင်း Male Female ကွာခြားချက် တို့နှင့် လုံးဝမသက်ဆိုင်ဘဲ တကယ်လုပ်သူ နဲ့ မလုပ်သူ ဖြစ်ခြင်းနှင့်သာ သက်ဆိုင်သည်ကို တွေ့ရလေ့ရှိသဖြင့် ခံယူချက်မှန်ကန်ပါက ဒီတိုက်ပွဲကို သင်တစ်ဝက်နိုင်ပြီးသားပင်ဖြစ်သည်။

" တကယ်လုပ်သူ နှင့် မလုပ်သူ " လူ ၂မျိုးသာရှိသည်။ ထိုလူ ၂မျိုးသည် အခက်အခဲကြုံတိုင်း သူတို့အကျင့်အတိုင်း ပြုမှုတတ်ကြသည်။ တကယ်လုပ်သူသည ်ရအောင် ကျော်ဖြတ်သွားမည်။ မလုပ်သူသည် ဆင်ခြေတစ်ခုဖြင့် ရလဒ်အဆုံးသတ်သွားသည်။

ဒါကြောင့် သင်သည် ဘယ်သူလဲ ? သင့်ကိုယ်သင်သိရင် ဆရာZ မှ သင့်အတွက် အခက်အခဲများ၊ အလုပ်မဖြစ်မှုများ နှင့် ရုန်းကန်စရာများကို သူကိုယ်တိုင် ကျော်ဖြတ်ပေးခဲ့ပြီးဖြစ်ပါသည်။ ယခု ရိုးရှင်းသော လမ်းညွှန်ချက်တွေနဲ့ သင်စတင်နိုင်ပြီဖြစ်သည်။

လမ်းညွှန်ချက်များသည် ယခုမှ စတင်မည့်သူဖြစ်ခဲ့လျှင်ပင် ချက်ချင်းအသုံးချကာ ပြောင်းလဲမှုပေးပါသည်။

သင်ဘယ်လောက်ပဲ ကိုယ့်ခန္ဓာ နဲ့ပတ်သက်ပြီး စိတ်ပျက်အားလျော့နေပါစေ ၊ ဝိတ်ဘယ်လောက်တက်နေပါစေ၊ ယုံကြည်မှုဘယ်လောက်ကျဆင်းနေပါစေ ၊ (သို့) တစ်ခါမှ မလုပ်ခဲ့ဖူးလို့စိုးရိမ်မိနေပါစေ.... ဒီonline သင်တန်းလေးများက သင်စတင်လိုက်တာနဲ့ ချက်ချင်း ရှေ့ဆက်တိုက် သင့်အားနည်းချက်များကို ပြောင်းလဲသွားစေမည်ဖြစ်သည်။

သင်တန်းကြေးကရော တန်ပါ့မလား ?

သင့်အနေနဲ့ ဘာလုပ်ရမှန်းမသိဘဲနဲ့ သူများတွေလုပ်သလိုလိုက်ပြီး သင်တန်းစင်တာများတွင် မန်ဘာဝင်ဆော့လျှင်ပင် တလ အနည်းဆုံး ၃၀,၀၀၀ ကျပ် ခန့်ရှိပြီး တစ်နှစ် ၄၀၀,၀၀၀ ကျပ် နီးပါးအောက်ထစ်ကုန်ကျသွားပြီး တကယ်လို့ သင်သွားသည့် Gym က တစ်လ ၂၀၀,၀၀၀ ကျပ် အထက်ဆိုရင်တော့ တစ်နှစ် ၂၄သိန်းခန့် ကုန်ပြီး ဘယ်လိုထိထိရောက်ရောက်လေ့ကျင့်ရမည်ကို မသိလိုက်ရင် လူအများစုလို ဒုံရင်းက ဒုံရင်းပြန်ဖြစ်နေနိုင်ပါသည်။

ကားဝယ်ထားပြီးကားမောင်းနည်းမသိရင် ကားဘယ်လောက်တန်ဖိုးကြီးနေပါစေ အသုံးပြုလို့မရတော့သလို ...  Online သင်တန်းက သင့်ရဲ့ အချိန်နှင့် ငွေများကို သက်သာစေပြီး တစ်သက်တာအတွက်ရလဒ်ကောင်းများကို ဆောင်ကျဉ်းပေးသွားမည့် သင့်အတွက် ကားမောင်းနည်းဖြစ်ပါသည်။ ထို့အပြင် သင်တန်းလေ့ကျင့်လမ်းညွှန်ချက်များသည် သင်ဘယ်သွားသွား ဘယ်မှာနေနေ အသုံးပြုလို့ရအောင် ပြုလုပ်ထားသဖြင့် အားကစားရုံသွားမှဖြစ်မည် ဟု သင့်ကို လက်ထိပ်ခတ်ထားသော သင်တစ်ခုခုအပေါ် အားကိုးနေရမယ့်စိတ် ရှိစရာမလိုပဲ လေ့ကျင့်ဖို့ ၆ပေ၈ပေ ကြမ်းပြင်နေရာလွတ်လေးရှိရင်ပင် သင့် ခန္ဓာကိုယ်ပြောင်းလဲမှုကို အချိန်နေရာမရွှေး စနိုင်မဲ့ လွတ်လပ်မှုကို ရရှိစေလို့ သင့်လွတ်လပ်မှုအတွက် တစ်သက်လုံးအသုံးပြုလို့ရမည့် Sayar Z ၏ Online Course - တစ်သက်အတွက် တစ်ခါစာ သင်တန်းကြေးမှာ တန်မတန်သည်ကို သင်ကိုယ်တိုင်ဆုံးဖြတ်ရွေးချယ်လိုက်ပါ။

Sayar Z ၏  Online သင်တန်း တစ်ခုချင်းစီအကြောင်းကို အောက်ပါခလုတ်နှိပ်ကာ ဆက်လက်ကြည့်ရှု့နိုင်ပါသည်။

Online သင်တန်းအကြောင်းဖတ်မည် >

အဘယ့်ကြောင့် Sayar Z ၏ Online အဆီကျ ဝိတ်ကျ Fitness သင်တန်း တက်သင့်လဲ ?

1.

ဖုန်းရှိရုံဖြင့် လွယ်ကူစွာ အချိန်မရွေး၊နေရာမရွေး တစ်ချက်နှိပ်ကာ ချက်ချင်းလေ့လာအသုံးပြုနိုင်ခြင်း ။

2.

သင်ကြားပေးသည့် သင်ခန်းစာများအားလုံးသည် အချိန်ကာလ (၁၂) နှစ် အတွင်း လူပေါင်း (၈,၀၀၀) ကျော် လက်တွေ့အသုံးပြုပြီး ရလဒ်များသက်သေပြခဲ့ပြီးဖြစ်ကာ လိုက်နာကျင့်သုံးပြီးနောက် ကျန်းမာရေးနှင့် ခန္ဓာကိုယ်အချိုးအစားများ သိသာစွာ ပြောင်းလဲလာမည်ဖြစ်သည်။

3.

သင်ခန်းစာများကို လိုအပ်သလို update အမြဲပြုလုပ်ကာ အကောင်းဆုံးသော ရလဒ်များကိုသာ ရရှိစေရန်အတွက် LIVE Training များကိုပါ ထည့်သွင်းသင်ကြားပေးခြင်း။

Sayar Z ၏ သင်တန်းပရိုဂရမ်များအသုံးပြုကာ ပြောင်းလဲသွားသူများ

ခန္ဓာကိုယ်ပြောင်းလဲလှပသွားသူပေါင်း အယောက် (၃၀၀) ကျော် ရှိသည့်အထဲမှ သင့်အတွက် စိတ်အားဖြစ်စေမည့် လက်ရွေးစင်ပြောင်းလဲမှုများကို ဖော်ပြပေးလိုက်ပါသည်။

RESULTS DISCLAIMER :

ဖော်ပြပါ ရလဒ်ပုံများကြည့်ကာ သင်လည်း အားတက်ကောင်းအားတက်နေပေလိမ့်မည်။ သို့သော် Sayar Z မှ လမ်းညွှန်ချက်နည်းလမ်းများအားလုံးသည် လူတစ်ဦး နှင့် တစ်ဦး အပေါ်တွင် ထိရောက်အကျိုးဖြစ်မှု တူညီချင်မှ တူညီပါမည်။ ကျင့်သုံးလိုက်နာသူသည် မိမိ၏ လေ့ကျင့်စားသောက်မှု၊ မတူညီသောခန္ဓာကိုယ် တုန့်ပြန်ချက်များနှင့် အားထုတ်ကြိုးစားမှုပေါ်တွင် မူတည်ကာ ရလဒ်ရမည်ကိုလည်း သိရှိထားရပါမည်။ လေ့ကျင့်နေစဉ် အဆင်မပြေမှု မူးဝေမှုများဖြစ်ပါက ချက်ချင်းရပ်ရပါမည်။ အခြားသော လေ့ကျင့်ရေးပရိုဂရမ် နှင့် ကုထုံးများကဲ့သို့ ဖြစ်လာသမျှမှာ မိမိတာဝန်ဖြစ်ပါသည်။ ထို့ပြင် အမြန်နည်းလမ်း ဖြတ်လမ်းဖြင့် ရလဒ်ရလိုသူဖြစ်ပါကလည်း ယခုမန်ဘာကို လုံးဝမဝင်လိုက်ပါနှင့်။ ကျွန်တော်တို့ နည်းလမ်းသည် ဘယ်အရာမှ အလကားမရပါ ဆိုသော စိတ်ထားမှန်ပြီး လိုချင်တာအတွက် အမှန် ပေးဆပ်အားထုတ်ကြိုးစားမည့်သူများအတွက်သာဖြစ်ပါသည်။ အောင်မြင်မှုတိုင်း၏နောက်ကွယ်မှာ ကြိုးစားမှုများတွဲပါလာသည်ကို သိထားရပါမည်။ ပုံပါပြောင်းလဲမှုများသည် ၂လမှ ၆လအတွင်းပြောင်းလဲသွားခဲ့သော်လည်း သင့်ကို သူတို့အတိုင်းအတိအကျပြောင်းလဲသွားမည် ဟု အာမခံပေးလို့မရပါ။ ပုံမှန်အားဖြင့် ခန္ဓာကိုယ်တစ်ခု လုံးဝ လုံးဝ သိသာစွာပြောင်းလဲသွားရန် (၂ လမှ ၃လ) အချိန်ပေးလေ့ကျင့်ရပါသည်။ ယခုထက်အချိန်နည်းသာလိုသည့်နည်းများသည် ဖြတ်လမ်းနည်းများဖြစ်ပြီး အချိန်တိုအတွင်း ဝိတ်အမြန်ပြန်တက်လာစေကာ လူကိုပိုဝစေတတ်သည်ကို အတွေ့များရလေ့ရှိသည်။ ၆ပတ်အတွင်း ကျနိုင်သည့်ပေါင်ချိန်မှာ - ပုံမှန်အားဖြင့် ၆ ပေါင် မှ ၁၅ပေါင် အတွင်းအကျများကြပြီး အစားအသောက်လိုက်နာမှု နှင့် လေ့ကျင့်အားထုတ်မှုပေါ်မူတည်ကာ ပေါင် ၃၀ ခန့်လည်းကျတတ်သည်ကိုတွေ့ရပါသည်။
ဘယ်လောက်ကျမလဲကို အာမမခံပေးခြင်းသည် သင်တန်းကိုအတင်းတက်ရန်မမှန်ကန်သော အဆွယ်စကားမပြောလိုခြင်းကြောင့်ဖြစ်ပြီး တကယ်လုပ်လျှင် မိမိကြိုးစားသလောက်အပြည့်အဝပြောင်းလဲနိုင်ကြောင်းကို မျက်မြင်အတွေ့များထားပြီးဖြစ်သောကြောင့် မန်ဘာဝင်ပြီးနောက် သင်ပြောင်းကိုပြောင်းလဲသွားမည်ကိုသာ အာမခံပါသည်။
သင်သာတကယ်ပြောင်းလဲချင်သူဖြစ်ရင် "၆ပတ် နဲ့ တကယ်ပိန်လား?" မေးမည်မဟုတ် ပြောမည်မဟုတ်။
သင်ပြောမယ့်စကားသည် " ပိန်ဖို့အချိန်ဘယ်လောက်ပေးရမလဲ? ၆ပတ် လား? ၆လ လား? အရေးမကြီးဘူး။ အခုစလုပ်လိုက်တာနဲ့ ငါပိန်ပြီပဲ။ အရေးကြီးတာ အဆုံးထိငါရောက်အောင်သွားမယ်။ ငါ့မှာ ခိုင်မာတယ့် စိတ်ဓာတ်ကောင်းတွေရှိတယ်" လို့ပြောလိမ့်မယ်။
ကဲ.. ရေရှည်မှာ ဘယ်လိုပြောသူက လုပ်သွားနိုင်မလဲကို မိတ်ဆွေ သိပြီးသားဖြစ်ပါလိမ့်မည်။ သင်ကော ဒုတိယလူပဲ ဖြစ်ချင်မည် မဟုတ်လား?

ယခုမှစကာ သင့်အကြောင်းသာ အဓိကဖြစ်တော့သည်။ သင်ဟာ ကျန်းမာရေးနှင့် ကြံ့ခိုင်လှပရေးကို ဘယ်လိုခံယူထားပါသလဲ ?

တကယ်လုပ်အဟုတ်ဖြစ်ရမည်ဆိုတယ့်သူ တစ်ယောက်လား ?

တကယ်လို့ သင့်ကိုယ်သင် သိထားပြီးနောက် ဘာဆက်လုပ်ရမလဲကိုပါ သိပြီးပြီဆိုလျှင်..

ဂုဏ်ယူပါတယ်။ သင့်ဘဝမှာ ပြောင်းလဲမှုကောင်းတွေ စတင်ဖစ်ပေါ်လာနေပြီမို့ပါ ။

 

 



 

 Sayar Z ၏ website အား

ယခုလို ခဏဝင်ရောက်လည်ပတ်ကာ အဆုံးထိ ဖတ်ရှုသွားသည့်အတွက် ဂုဏ်ပြုလိုက်ပါစေခင်ဗျာ.. မကြာခင်မှာ ပြောင်းလဲမှုကောင်းများစွာကို သင်မြင်တွေ့ရဖို့ နီးစပ်လာခြင်းဖြစ်သည်ဟု ယုံကြည်မိပါတယ်.ကျန်းမာပျော်ရွှင်သော နေ့လေးတစ်ရက်ဖြစ်ပါစေခင်ဗျာ.။ 

Sayar Z ၏ Online Course များဖြင့် ယခုပင် သင့်ခန္ဓာကိုယ်အလှကို စတင်ပြောင်းလဲလိုက်ပါ။

Close

50% Complete

Two Step

Lorem ipsum dolor sit amet, consectetur adipiscing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua.